ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ရေဇွာမြို့ကို ချင်းတော်လှန် ရေးတပ်များက အပြီးတိုက်ခိုက်သိမ်းပိုက်

Breaking News- ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ရေဇွာမြို့ကို ချင်းတော်လှန် ရေးတပ်များက အပြီးတိုက်ခိုက်သိမ်းပိုက်

■  ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ပေါင်း ၇ မြို့ရှိလာပြီဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉ 

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်များက အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။ 

ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို CNA ဦးဆောင်သော  ဒေသ ကာကွယ်ရေးတပ်များဖြစ်သည့်  Mara CDF  ၊  Zoung CDF  ၊ TT CDF  ၊ Lautu CDF  ၊Zotung CDF ၊   Thantlang CDF ၊ Hualngoram CDF အပါအဝင် ဒေသကာကွယ်ရေး တပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သော်လည်း ချင်းတော် လှန်ရေးတပ်များက မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

လက်ရှိတွင် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့၊ လိုင်လင်းပီမြို့၊ ရေဇွာမြို့တို့ကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီး စုစုပေါင်း တိုက်ခိုက်သိမ်းပိုက်ရရှိထားသော မြို့များမှာ  Hnaring မြို့၊   Surkhua မြို့၊   Makuinuမြို့၊  ဝေဘုလ၊ ရိဒ်ခေါဒါရ်နှင့် လိုင်လင်းပီ စုစုပေါင်း  မြို့ ၇ မြို့ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

Post a Comment

Previous Post Next Post