တန့်ဆည်မြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို ကာကွယ်တပ်ဖွဲ့များ

တန့်ဆည်မြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို ကာကွယ်တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာလ ၂၉ ရက်

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီ​၏ အဓိက ခံစစ်ကုန်းဖြစ်သည့် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(နိုဝင်ဘာ၂၉ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တမြို့လုံးရှိ စစ်ကောင်စီစခန်းများအား တိုက်ခိုက်သိမ်းပိုက်ထားပြီဟု သတင်းရရှိသည်။

"တန့်ဆည်မြို့က အဓိက စခန်းကိုသိမ်းပြီးပြီ။ ည ၁၁ ခွဲကနေ စတိုက်တာ။ ၄နာရီမှာအပြီးသိမ်းတယ်။ ၅နာရီမှာ‌ လေကြောင်းကနေ လာပစ်တယ်။ အခုလည်း လာပစ်နေတုန်းပဲ" ဟု ဒေသခံ ကာကွယ်ရေးသတင်းရင်းမြစ်ကယ​နေ့ နံနက် ၇ နာရီ​ကျော်တွင် ပြောသည်။

တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်က အထိုင်ချထားသည့် ဌာနဆိုင်ရာရုံးများကို  နိုဝင်ဘာ ၂၂ ရက်တွင် တိုက်ခိုက်ပြီးနောက် နောက်ဆုံးခံစစ်ကုန်းဖြစ်သည့် ရဲစခန်းကို ယနေ့ တိုက်ခိုက်သိမ်းပိုက်ခြင်းဟု တန့်ဆည်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

"ဟိုရက်က အမိန့်မရလို့ မတိုက်ခဲ့တာ ရဲစခန်းကို။အခုက အဲ့ဒီပစ်မှတ်ကို ရပြီ။ သိမ်းယူပြီးပြီ"ဟု အထက်ပါကာကွယ်‌ရေး
ရဲဘော်က ပြောသည်။

ယနေ့တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုများကို အသေးစိတ်မသိရှိရသေးပေ။

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နည်းနည်းရှင်းလင်းရေးလုပ်ဆောင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု သတင်းရရှိသည်။


Post a Comment

Previous Post Next Post