အင်းတိုင်ဆက်သွယ်ရေးတပ်သား ၂ ဦး ပြည်သူ့ရင်ခွင် ဝင်
14Nov 2023 By MPA CJ 016
ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊အင်းတိုင်ဆက်သွယ်ရေးတပ်မှ တပ်သား၂ဦး ပြည်သူ့ရင်ခွင် ဝင်ရောက်လာကြောင်း Inle People Defense Force-IPDF က ယနေ့ သတင်းထုတ်ပြန်သည်။
အင်းတိုင် အမှတ်(၂) ဆက်သွယ်ရေးတပ်မှ တပ်သား ၂ဦးသည် ရန်ကုန်တိုင်း၊ဒါးပိန်မြို့နယ်တွင် လုံခြုံ ရေးတာဝန်ကျနေစဉ် လူလွတ်ရုန်းကာ ထွက်ပြေးလာခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ ပါမလာကြောင်း သိရသည်။
'' ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်ပြီး လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်ထားပြီး တပ်ရင်းစခန်းမှာ စောင့်ရှောက်ပေးထားပါတယ်" ဟု Inle People Defense Force-IPDF မှ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။
ယင်းဆက်သွယ်ရေးတပ်သား၂ဦးသည် ကြားခံအဆက်အသွယ်၏ ကူညီချိတ်ဆက်ပို့ဆောင်ပေးမှု ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် Inle People Defense Force သို့ ရောက်ရှိ လာခြင်း ဖြစ် သည်။
"ထွက်ချင်နေတာကြာပြီ။အခွင့်ရေးမသာလို့။စကစကိုစက်ဆုပ်ရွံရှာနေတာကြာပါပြီ ။ရည်ရွယ်ချက်က ပြည်သူ့အပေါ် မတရားလုပ်အုပ်ချူပ်တဲ့ စစ်တပ်အပေါ်မုန်းတီးနာကြည်းပြီး ပြည်သူ့တော်လှန်ရေးမှာ ကျရာတာဝန်က ပူးပေါင်းပါဝင်ဖို့ဆုံးဖြတ်ခဲ့ပြီး တပ်ကိုစွန့်ခွာလာတာပါ '' ဟု CDM ဆက်သွယ်ရေးတပ်သား တစ် ဦးက ပြောသည်။
၂၀၂၂ခုနှစ်၊မေလအတွင်း IPDF ထံသို့ ရောက်ရှိအလင်းဝင်လာသော မိတ္ထီလာလေတပ်မှ ဒုတပ်ကြပ် တစ်ဦးမှာ နွေဦးတော်လှန်ရေး ရဲဘော်အဖြစ် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ပွဲဝင်နေ ကြောင်း IPDF ထံက သိရသည်။