ကျွန်းလှမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဉ်ကို ပစ်ခတ်လိုက်၍ ရဟတ်ယာဉ် သုံးမရဖြစ်နေ

ကျွန်းလှမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဉ်ကို ပစ်ခတ်လိုက်၍ ရဟတ်ယာဉ် သုံးမရဖြစ်နေ
==============
နိူဝင်ဘာ၁၆ရက်

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ  ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဉ်ကို ပစ်ခတ်လိုက်၍ ရဟတ်ယာဉ် သုံးမရဖြစ်နေတယ်လို့သတင်းရရှိပါတယ်။

နိူဝင်ဘာ၁၆ရက်မှာ စစ်ရေးသတင်းကိုအမှတ် (၁) စစ်ဒေသကအသိပေးဆိုပါတယ်။

 "ကျွန်းလှမြို့နယ်အတွင်း နိုဝင်ဘာလ (၃) ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လေကြောင်းပစ်ကူလာပေးသည့် စစ်ကောင်စီမှ Mi-35 ရဟတ်ယာဉ်ကို ပြည်သူ့တော်လှန်ရေးတပ်မတော်မှ ပြန်လည်ပစ်ခတ်ရာ ကိုယ်ကိုထိမှန်ခဲ့ပြီး လက်ရှိအချိန်အထိ သုံးမရဖြစ်နေသည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်က ပြောတယ်"လို့ဆိုပါတယ်။

ထိုရဟတ်ယာဉ်သည် တကရ-၆၀၀၆ (ကန့်ဘလူ) မှ တက်လာခြင်းဖြစ်ပြီး ဗိုလ်ကြီးအဆင့်ရှိ အရာရှိ ဦးစီးသည့် နမခ လက်အောက်ခံ (တပ်စိစစ်ဆဲ) အဖွဲ့နှင့် ပျူစောထီး အင်အား (၆၃) ဦးရှိ ဆင်စွယ်စခန်းအား ကန့်ဘလူခရိုင် ကွပ်ကဲရေး၊ ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂)နှင့် ကန့်ဘလူခရိုင် ပကဖ တို့မှ ပစ်ခတ် တိုက်ခိုက် ထိတွေ့မှု ဖြစ်ပွားရာသို့ စစ်ကူပေးရန်အလာတွင် ကာကွယ်ရေးတပ်ဘက်မှ ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုယ်ထည်တွင် လက်သီးဆုတ်ခန့်ရှိသော အပေါက်နှစ်ပေါက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ အသုံးပြု၍ မရဖြစ်နေခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

 ထိုတိုက်ပွဲတွင် ရန်သူ့ဘက်မှ ဗိုလ်အဆင့် အရာရှိ (၁) ဦးအပါအဝင် (၂၈) ဦး သေဆုံးပြီး (၁၈) ဦး ဒဏ်ရာရခဲ့ပါတယ်။

Post a Comment

Previous Post Next Post