ဆားလင်းကြီးမြို့နယ် ရဲစခန်းအပါအဝင် စစ်တပ်

ဆားလင်းကြီးမြို့နယ် ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းအပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Royal Brothers People Defence  Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ် ရဲစခန်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း၊ ဆေးရုံ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း ပြန်လည်ပစ်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ မှ စစ်ကြောင်းမှူး ၁ ဦးနှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ၃၅ -  PDA Yinmarbin နှင့်အတူ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် ၁၆ တပ်ခွဲ (၁) - Brother Defence Force၊  ဆားလင်းကြီးမြို့နယ်လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု၊ ချင်းတွင်းနွေဦး၊ SPDF၊ မုံရွာခရိုင်တပ်ရင်း ၂၅ ခွဲ (၁)(၅)၊ Under Ground Force(မုံရွာ)၊ တောသားကြီး၊ ဆားလင်းကြီးပလဖ၊ တိုက်ဂါး၊ မဲမှောင်ပျောက်ကြားတပ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ထုတ်ပြန်ထားသည်။

Post a Comment

Previous Post Next Post