ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဘုံဇုံတပ်စခန်းကို

ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဘုံဇုံတပ်စခန်းကို ချင်းအမျိုးသား တော်လှန်ရေးတပ်များ သိမ်းပိုက်
* * * * *

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဘုံဇုံတပ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

CNAဦးဆောင်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် အပြီးသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဘုံဇုံစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများကာ ထွက်ပြေးသဖြင့် ချင်းအမျိုးသားတော်လှန်ရေးတပ်များက လိုက်လံဖမ်းဆီးနေသည်ဟု သိရသည်။

"ဟုတ်ပါတယ်။ ဟားခါးမြို့နယ်က ဘုံဇုံစခန်းကို သိမ်းလိုက်တာပါ။"ဟု CDF ဟားခါးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ထွက်ပြေးသွားသည့် ဗိုလ်ကြီးတစ်ဦးကို အရှင်ဖမ်းဆီးရမိပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။ 

တပ်စခန်းသိမ်းခံရသဖြင့် စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် (၄)ကြိမ် လာ‌ရောက်ဗုံးကြဲခဲ့ပြီး တိုက်ပွဲတွင် CDF-Hakha တပ်ဖွဲ့မှ ရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post