ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း MOD အတည်ပြု ထုတ်ပြန်
ဒီဇင်ဘာ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၁၆ ရက်နေ့ထိ တမူးမြို့နယ်၊ ခမ်းပါတ်မြို့ကို ကလေးမြို့နယ်မှ စစ်ကြောင်းထိုးလာသော အမှတ် ၇၇ တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃၉၁နှင့် ခလရ ၂၂၈ မှ ဗိုလ်မှူး အောင်စိုးသူ ဦးစီးသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့် သေဆုံးပြီး ၁၈ ဦး ထိခိုက် ဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။