ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း တပ်ပျက်ပြီးထွက်ပြေး

▪︎Breaking News 

ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း တပ်ပျက်ပြီးထွက်ပြေး

▪︎လတ်တလောတွင် အရာရှိအပါအဝင် အလောင်း ၁၀ လောင်းကျော်ရပြီး လက်နက်မျိုးစုံ ၁၇ လက်သိမ်းဆည်းရရှိ

▪︎တပ်မ ၇၇ မှစစ်သားများပါပြီး စစ်ကြောင်းမှူးပါထွက်ပြေးဟု PDF ပြော

-ဆလိုင်း/People's Spring 

တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာ လဆန်းတွင်တိုက်ခိုက်သိမ်းပိုက်ထားသောခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ခန့်ပါဝင်သည့် စစ်ကောင်စီတပ်အား အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ရာ ယနေ့နံနက်တွင် ရန်သူ့တပ်ပျက်၍ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်ထံမှ MA-10 RPG 7 (၁) လက်၊ MG-3 (၁) လက်၊ MA-S1 MK2 (၁) လက် အပါအဝင် လက်နက်မျိုးစုံ (၁၇) လက် သိမ်းဆည်းရရှိခဲ့သည်။ 

" စစ်ကြောင်းမှူးပါထွက်ပြေးသွားတာ။တပ်မ ၇၇ ပါတယ်။ လက်နက်ခဲယမ်းတွေလည်းရထားပါတယ်" ဟု မြေပြင်မှ PDFတဦးကပြောသည်။

ယခုအခါ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အနည်းဆုံး အရာရှိ (၁) ဦးအပါ
အဝင် ရန်သူ့အလောင်း (၁၀) လောင်း ကျော်တွေ့ရှိထားကြောင်းကာကွယ်ရေးဝန်ကြီးဌာနကအသိပေးသည်။

" အရပ်ဝတ်တွေနဲ့ထွက်ပြေးတာ။အလောင်းတွေ့တာ ၃၀ ကျော်နေပါပြီ"ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။သေဆုံးသောစစ်သားအရေအတွက်ကို 
People's Spring ကသီးခြားအတည်မပြုနိုင်သေးပါ။

မြန်မာ-အိန္ဒယနယ်စပ်ရှိ တမူခရိုင် ၊ခမ်းပါတ်မြို့ကို တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၃ ရက်တွင် စတင်ထိုးစစ်ဆင်ပြီး နိုဝင်ဘာ ၇ ရက်တွင် သိမ်းဆည်းနိုင်ခဲ့သည်။ စစ်ကောင်စီတပ်က ဒီဇင်ဘာ လဆန်းတွင် မြို့ကို ပြန်သိမ်းရန် ကလေးမြို့ ဒကစမှ စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ကြောင်းသည် ခမ်းပါတ်မြို့ အနီးလုံခြုံရေးဆောင်ရွက်နေသော တော်လှန်ရေးရဲဘော် ၇ ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့သလို ၊အမှတ်(၁)ရပ်ကွက် ရှိ AG မိဖမဲ့ဂေဟာကိုဒီဇင်ဘာလ ၁၀ရက်တွင် တပ်စွဲပြီး ည ဘက်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ရာမိဖမဲ့ကလေးငယ် လေးဦး သေဆုံးခဲ့သည်။ ကျောင်းအတွင်းပိတ်မိနေသော ကလေးငယ် ၃၆ ဦးနှင့် ဝန်ထမ်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ပေးခဲ့သည်။

(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG)

Post a Comment

Previous Post Next Post