အလင်းဝင်လိုသည့်စစ်သားက ၎င်းအားတားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်ထွက်ပြေးလာ

အလင်းဝင်လိုသည့်စစ်သားက ၎င်းအားတားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်ထွက်ပြေးလာ

ဒီဇင်ဘာလ ၇ ရက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံ အလင်းဝင် လိုသည့် စစ်ကောင်စီတပ်သားတစ်ဦးက ၎င်းအား  တားဆီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း KLG PDF - ကျောက်လုံးကြီးက သတင်းထုတ်ပြန်သည်။

ကနီမြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးသည် ပြည်သူ့ရင်ခွင်ခိုလှုံလိုသဖြင့် KLG PDF - ကျောက်လုံးကြီးထံသို့ ဆက်သွယ်ခဲ့ကြောင်း၊  ဒီဇင်ဘာ ၅ ရက် ညနေ ၄နာရီခန့်တွင် စခန်းမှထွက်ခွာရန် ကြိုးပမ်းစဉ် စစ်ကောင်စီဘက်က ရိပ်မိသွားပြီး တားဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု သတင်းရရှိသည်။

" အခက်အခဲတချို့ကြောင့် ကနီမြို့နယ် ရဲစခန်းတွင်းတွင် အချင်းချင်းပစ်ခတ်မှုများဖြစ်ပွားပြီးမှ ခက်ခက်ခဲခဲ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်" ဟု KLG PDF - ကျောက်လုံးကြီးက သတင်းထုတ်ပြန်သည်။

အလင်းဝင်သော စစ်သားသည်  ကလေးမြို့အခြေစိုက် ခလရ (၈၇)မှတပ်သား ဖြစ်သည်။

Post a Comment

Previous Post Next Post