ရန်ကုန်မစ်ရှင်သတင်း...

ရန်ကုန်မစ်ရှင်သတင်း...

ကျွန်တော်တို့ TRDF နှင့် MNO PDF ပူးပေါင်းအဖွဲ့မှ
ဒီဇင်ဘာလ ၆ရက်နေ့နံနက်ပိုင်းတွင် ရွှေပြည်သာတံတားအဆင်း လှိုင်သာယာဘက်အခြမ်း ငွေပင်လယ်အဝနားရှိ ကတ္တားချိန်သည့် နေရာတွင် နံနက် ၈ နာရီ ၃၀ မိနစ်က ၁ ကြိမ်၊ ၉ နာရီ ၃၀ မိနစ်က ၁ ကြိမ်နှင့် ၁၀ နာရီ ၁၀ မိနစ်က ၁ ကြိမ် စုစုပေါင်း ၃ကြိမ်ဖြင့် ပေါက်ကွဲအားပြင်းအဝေးထိန်း မိုင်း အားအသုံးပြု၍ စစ်ခွေးမိစ္ဆာပတ်ကင်း ကား ၂စီး နှင့် လာရောက်စစ်ဆေးသောစစ်ခွေးမိစ္ဆာများအား ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။

ပတ်ကင်းကား ၂စီးထဲမှ အနောက်ကအစီးအား မိုင်းထိမှန်သွားပြီး အတင်းမောင်းပြေးသွားတာတွေ့ရှိရပါတယ်။
စစ်ခွေးမိစ္ဆာတချို့ထိခိုက်ဒါဏ်ယာရရှိခဲ့ပြီး စာရင်းအတိအကျကိုတော့စုံစမ်းလျက်ရှိပါသည်။


Post a Comment

Previous Post Next Post