ယောဒေသတစ်ခုလုံး လွတ်မြောက်တာနဲ့ နေပြည်တော်တင်မကပဲ

" ယောဒေသရဲ့ကောင်းကင်မှာတင် ရပ်တန့် နေမှာမဟုတ်၊ နေပြည်တော်အထိပါ ချီတက်လာမယ့် ဒရုန်းတွေ "

ယောဒေသတစ်ခုလုံး လွတ်မြောက်တာနဲ့ နေပြည်တော်တင်မကပဲ၊  မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရှိရှိသမျှ စစ်ကောင်စီတပ်စခန်းတွေဆီ ချီတက်လာမယ့် ဒရုန်းတွေ .... 

ဘာလို့ဆို ... ယောဒေသလွတ်မြောက်ရေးတင်မဟုတ် မြန်မာတစ်ပြည်လုံးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ - Hyper UAV Force က တည်ဆောက်လေ့ကျင့်နေပြီး ၊ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေထောက်ပို့ထားတဲ့ ဒရုန်းတွေမလို့ပါဘဲ ။

ထောက်ပို့ပြည်သူများ ခင်ဗျာ ... ။ ဒရုန်းတွေဟာ စစ်အောင်နိုင်ခြင်းရဲ့ ပင်မအကြောင်းတရားဖြစ်လာပါပြီ ။ Global Yaw Funding , တော်လှန်ကျန်းမာအနာဂါတ်ကမ္ဘာထိုင်းရောက်တို့မြန်မာ တို့ပူးပေါင်းစီစဉ်တဲ့ ယောတို့ ဝေဟင်အောင်ပွဲဆင် ဒရုန်းတည်ဆောက်ရေး တွဲဖက်အသုံးပြုမည့် ဗုံးသီး ထုတ်လုပ်ရေး ကျပ်သိန်း ၁၅၀၀ ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ပါဝင်ထောက်ပို့ ပြီး အောင်ပွဲနေ့ဆီ အတူတကွ ချီတက်ကြရအောင်။ 🫵💥💥

🛩 Video : တိုက်ပွဲတွင် ထိထိရောက်ရောက်ကြဲချနိုင်ရန် ၊ တည်ဆောက်ပြီးစီးထားသည့် Fixed Wings ဒရုန်းတစ်ခုဖြင့် လေ့ကျင့်ပျံသန်းနေသည့် ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ ရဲဘော်များ 

📌ကမ်ပိန်းတွင်ပါဝင်ထောက်ပို့ရန် အောက်ပါ Link အတိုင်းချိတ်ဆက်လှူဒါန်းပါ https://m.me/yawdoiwaihinaungpwesin


Post a Comment

Previous Post Next Post