နမ့်ဆန်ဗျူဟာ တစ်ခုလုံးကျ၊ ရေတွက်မရအောင်လက်နက်တွေ ရရှိ

နမ့်ဆန်ဗျူဟာ တစ်ခုလုံးကျ၊ ရေတွက်မရအောင်လက်နက်တွေ ရရှိ

ဒီဇင်ဘာလ ၁၇ ရက်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့ကနေ နမ့်ဆန်ကို ထိုးစစ်ဆင်လာခဲ့တဲ့ တအာင်းတပ်(PSLF/TNLA)ဟာ ဒီဇင်ဘာ ၁၅ရက်မှာတော့ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကဒိုင့်ဖူးတောင်ကုန်းကို တစ်ရက်နဲ့အပြီးသိမ်းပိုက်ခဲ့ပြီးနောက် မြို့တွင်းထဲက တပ်စခန်းတစ်ခုပြီးတစ်ခုကို ဆက်တိုက်သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။

ဗျူဟာမှူးအပါအဝင် တပ်ရင်းမှူးနဲ့မိသားစုတွေဟာ “ရွှေဖီဦး”လက်ဖက်ခြောက်စက်ရုံထဲမှာ စခန်းအခိုင်အမာလုပ်ထားပြီး ခုခံခဲ့လို့ အဲစခန်းကို ၁ရက်ကျော်နီးပါးထိုးစစ်ဆင်ခဲ့ရပြီး နောက်ဆုံးဗျူဟာမှူးနဲ့အပေါင်းအပါဟာ ဗျူဟာကုန်းဘက်ကို ထွက်ပြေးခဲ့ပြီး တပ်သားတွေနဲ့ မိသားစုဝင်တွေကတော့ တောထဲ ထွက်ပြေးသွားခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ တပ်မိသားစုဝင်တွေကို တအာင်းတပ်က ဖမ်းစီးရမိပြီး ဒီဇင်ဘာ ၁၄ရက်နေ့မှာတော့ ဗျူဟာကုန်းကို တအာင်းတပ်က ထပ်မံထိုးစစ်ဆင်ခဲ့ပါတယ်။

ဗျူဟာကုန်းဟာ တောင်မြင့်မားတာကြောင့် ထိုးစစ်ဆင်ခက်ခဲမှုရှိခဲ့ပေမယ့် ၁၅ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

ဗျူဟာမှူး၊တပ်ရင်းမှူးနဲ့တပ်သားအများအပြားဟာ ထွက်ပြေးခဲ့ကြပေမယ့် ဗျူဟာမှူး၊တပ်ရင်းမှူးအပါအဝင် အများအပြားကို ထပ်မံဖမ်းစီးခံခဲ့ရပါတယ်။

စခန်းသိမ်းပြီးနောက် ဟောင်ဝစ်ဇာလက်နက်ကြီး ၂လက်အပါအဝင်၊ ၁၂၀မမ၊ ၈၄မမ၊ ၆၀မမ၊ လေယာဉ်ပစ်လက်နက်နဲ့ လက်နက်အများအပြားကို သိမ်းဆည်းရမိပြီး လက်နက်များလွန်းတဲ့အတွက် မရေတွက်နိုင်သေးပါဘူး။

စစ်ကောင်စီဘက်က သေဆုံးသူ ၁၀၀ကျော်ရှိနိုင်ပြီး မရေတွက်နိုင်သေးပါဘူး။

လက်ရှိထိ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် မြိုခံတွေဟာ နေရပ်မပြန်ရဲကြသေးပါဘူး။

Post a Comment

Previous Post Next Post