📌"မနေ့က ငှက်ကင် ကိစ္စ"
----------------------
ဒီဇင်ဘာလ ၅ ရက်နေ့၊ မနေ့ညက ၇ နာရီ ဝန်းကျင်မှာ တံတားဦးကနေ တက်သွားတဲ့ ငှက် ၄ ကောင်မှာ Yak-130 တစ်ကောင် အိမ်ပြန်မလာနိုင်ခဲ့ဘူး။ ဖြစ်စဉ်က ည ၈ နာရီဝန်းကျင်မှာ ဖြစ်သွားခဲ့ပြီး ဒီသတင်းက မနေ့ညကတည်းက 💯 Confirm ဖြစ်ခဲ့တယ်။ လေဘဲတွေကြားမှာလဲ ဒီနေ့ ပူညံပူညံ ဖြစ်နေတယ်လို့ အတွင်းသတင်း ပြန်သိရတယ်။
ထူးခြားတာက ၂၄ နာရီ ကျော်သည်အထိ လက်သည် ကိုတေမိတို့ အုပ်စုက ဒီကိစ္စကို သတင်းမထုတ်ပြန်ပဲ ရေငုံနှုတ်ပိတ်နေကြတော့ လေဘဲတွေ ပိုပြီးတော့ ကလိကလိ ဖြစ်နေကြရတယ်။