ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး

ကိုးကန့်ဒေသ တိုက်ပွဲတွင်  စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ဇော်လင်း  ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲတွင်  စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ဇော်လင်း  ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။ 

MNDAA က ကိုးကန့်ဒေသတွင် ပုန်းအောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်နှိမ်နင်းလျက်ရှိရာ   အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ဇော်လင်း  ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း  သိရှိရသည်။ 

 ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီတပ်ဘက်မှ အကြွင်းအကျန်အဖွဲ့ဝင်များကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အ‌လောင်းတစ်လောင်းတွေ့ရှိရကြောင်း၊  ၎င်း‌‌‌ရုပ် အလောင်း ပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ် သည်ကို  အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။


Post a Comment

Previous Post Next Post