မင်းတပ်-မတူပီ လမ်းမကြီးဘေးက တောင်ဇလပ်ပန်းများ

မင်းတပ်-မတူပီ လမ်းမကြီးဘေးက တောင်ဇလပ်ပန်းများ💓💓💓

ချင်းပြည်နယ်ရဲ့ သင်္ကေတတခုဖြစ်တဲ့ တောင်ဇလပ်ပန်းတွေ မင်းတပ်မြို့နယ်၊ မင်းတပ် - မတူပီလမ်းမကြီးဘေးမှာ ရဲရဲနီ ပွင့်နေတာကို ဒီရက်ပိုင်းက မြင်တွေ့ရတာပါ။ 
ဓာတ်ပုံရိုက်ကူးခဲ့သူက“ခေတ်ကောင်းတဲ့အချိန်က ခရီးသွား‌တွေ၊ အလည်အပတ်သွားသူတွေ၊ ပွဲလမ်းသဘင်တွေများတော့ ပန်းတွေ အုံလိုက်ပွင့်ရင် အကိုင်းချိုးရတာနဲ့အပင်ခုတ်ရတာနဲ့၊ ခြွေပြီး ဝိုင်လုပ်တာနဲ့၊ သူတို့လွတ်လွတ်လပ်လပ် မပွင့်ရဘူးလေ။ ခုချိန်တော့ ပျော်ပျော်ကြီး အစုလိုက်ပွင့်နေကြတာမြင်ရတော့ကျေနပ်မိတယ်”လို့ ပြောပါတယ်။
အိမ်ပြန်ရဖို့ တရက်ပြီးတရက် ပိုပိုနီးလာပါပြီ လို့လည်း သူက ဆိုပါတယ်။

Post a Comment

Previous Post Next Post