ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA

ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်
Dec 20,2023/

ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။

အဲ့ဒီနမ့်ခိုင်စစ်တပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့များက ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက် ၁၀ နာရီ ၁၅ မိနစ်မှာ အပြီးသတ် ဝင်ရောက် စီးနင်း သိမ်းပိုက်ရရှိနိုင်ကြောင်း သိရပါတယ်။

“နမ့်ခိုင်ကိုသိမ်းလိုက်ပြီ။ ဒီမနက်ပဲ ရှင်းရှင်းလင်းလင်းဖြစ်သွားပြီပေါ့။ အစပိုင်းတော့ အမြည်းကျွေးပေါ့ နည်းနည်းပါးပါးတိုက်ခိုက်ရင်း ဒီမနက်တော့အင်အားနဲ့ ဝင်တိုက်သိမ်းလိုက်တာပေါ့။”လို့ ဒေသခံရှေ့တန်းရင်းမြစ်အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်

Post a Comment

Previous Post Next Post