ကိုးကန့်တာရင်တောင်ကို MNDAAမှ အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပြီး လက်ရှိ လောက်ကိုင်ပတ်လည်တွင် ဘယ်အရေးကြီးသောစခန်းများရှိသေးသလဲ
ကိုးကန့်မီဒီယာ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့
========================
ရှေ့တန်းသတင်းအရ ဒီဇင်ဘာလ ၅ ရက်နေ့ MNDAA မှ ကိုးကန့်လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်၏ တောင်ဘက်ခြမ်းတွင် အရေးကြီးသော High Point တစ်ခု ကိုးကန့်လူမျိုးအမည်တွင်သော တာရင်တောင်ကို (စစ်ကောင်စီ ကတောင်ကုန်းပေါ်တွင် ဘုရားစေတီတစ်ခုတည်ဆောက်ခဲ့သောကြောင့် SiMianFoလို့လည်း ခေါ်ပါသည်။ ) အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါသည်။
တာရင်တောင်သည် စစ်ကောင်စီလောက်ကိုင်မီရှင့်ကုတ် ဒကစနေရာနှင့် တိုက်ရိုက်အကွာအဝေး(၂)မိုင်သာရှိပြီး လောက်ကိုင်မြို့ကိုတိုက်ရိုက်ရှုမြင်နိုင်ပါသည်။
သတင်းအရ ဒီဇင်ဘာလ ၃ ရက်နေ့ MNDAAသည် တာရင်တောင်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကာ နှစ်ရက်အကြာ ပြင်းပြင်းထန်ထန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ၎င်းစခန်းကို စစ်ဆင်ရေးအထွေထွေ စတင်ဖော်ဆောင်လာခဲ့ပါသည်။ ထိုနေ့နံနက် (၆း၃၀)နာရီခန့် MNDAAသည် တာရင်တောင်ကို ဦးစွာလက်နက်ကြီးဖြင့် (၅)နာရီအကြာပစ်ခတ်တိုက်ခိုက်ပြီး (၁၁း၃၀)နာရီတွင် ခြေလျင်တပ်ဖွဲ့ ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကာ (၁၂း၂၂)နာရီမှ (၁၅း၂၈)နာရီအချိန်တွင် တာရင်တောင်၏ နံပါတ်(၁ ၊၂ ၊၃ ) စခန်းကိုသိမ်းယူနိုင်ခဲ့ပြီး တာရင်တောင်တစ်ခုလုံးနီးပါးထိန်းချုပ်နိုင်ခဲ့ပါသည်။
ယနေ့ နံနက်(၉)နာရီခန့် နံပါတ်(၄)စခန်းကို သိမ်းပိုက်လိုက်သည်နှင့်တပြိုက်နက် တာရင်တောင်ကိုအပြက် သိမ်းပိုက်နိုင်ခဲ့သည်ဟုကြေညာလိုက်ပါသည်။
ရက်ပေါင်းများစွာ စစ်ဆင်မှုအောက်တွင် MNDAAမှ စစ်ကောင်စီအဖွဲ့ဝင်အနည်းဆုံး(၁၁)ယောက်စစ်သုံ့ပန်အဖြင့် ဖမ်းဆီးရရှိပြီး ၎င်းတို့ထဲတွင် သက်ကြီးရွယ်အိုသော ဒဏ်ရာရှိသောစစ်သားများပါဝင်ပါသည်။ ထိုသို့ကြည့်ခြင်း အားဖြင့် စစ်ကောင်စီမှ အင်အားလွန်စွာချို့ယွင်းလာသည်ကိုတွေ့ရပါသည်။
ထို့ပြင် ယနေ့ဖမ်းဆီးရရှိသောစစ်သုံ့ပန်အများစုသည် ယခင်ရက်ပိုင်း ခေါင်းမာပြီးတုန့်ပြန်နေသောစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ယှဉ်ကြည့်ပါက ဒီကနေ့ ဖမ်းဆီးရရှိသူများသည် တိုက်ချင်ခိုက်ချင်သောစိတ်ဓာတ်လုံးဝ မရှိတော့သည်ကိုတွေ့ရပါသည်။
တာရင်တောင်ကိုသိမ်းပိုက်ခဲ့သည်နှင့်အမျှ လက်ရှိလောက်ကိုင်မြို့၏ တောင်ဘက်ခြမ်းတွင် စစ်ကောင်စီမှ တပ်စွဲထားသော High Pointနေရာများမရှိတော့ပါ။ ကိုးကန့်ဒေသတွင်း မီရှင့်ကုတ် ၊ နန်ထင်မိန် ၊ ရန်လုံကျိုင့် နှင့် တာရွှေထန် စသည့်တပ်စခန်းများသာကျန်ရှိတော့သည်။ MNDAA သည် ကိုးကန့်ဒေသပြန်လည်ထူထောင်ရေး သည် အောင်မြင်တော့မည်ဖြစ်ပါသည်။