ကျောက်မဲနှင့်မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ထပ်မံသိမ်းပိုက်ပြီး

ကျောက်မဲနှင့်မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ထပ်မံသိမ်းပိုက်ပြီး စစ်သုံ့ပန်း ရဲ ၃ ဦးနှင့်စစ်သား ၂ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်တပ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်ထား

ဒီဇင်ဘာ ၈ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ထပ်မံသိမ်းပိုက်ပြီး စစ်သုံ့ပန်း ရဲ ၃ ဦးနှင့်စစ်သား ၂ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်တပ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်ထားကြောင်း TNLA က ပြောဆိုထုတ်ပြန်ထားသည်။ 

 ကျောက်မဲမြိုနယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ နံနက်  ၁၁ နာရီ ၃၅ မိနစ်  အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA ၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊  ၎င်းတပ်စခန်းအတွင်း စစ်သုံးပန့် ၂ ဦး၊ ရဲ ၃ ဦး၊ ၆၀နှင့် ၈၀ မမ  လက်နက်ကြီးအပါအဝင်၊ စစ်ကောင်စီ၏  လက်နက် ( ၁၀ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။  

အလားတူ  မန်တုံမြိုနယ် စစ်ကောင်စီ ခိုမုန်း(မန်နား)တပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်  အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊  ယခုတပ်စခန်း  ၂  ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်ကြောင်း TNLA က တရားဝင်ကြေညာသည်။

Post a Comment

Previous Post Next Post