ကလေးမြို့နယ်၊ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦး

ကလေးမြို့နယ်၊ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံး၊ ၁၇ ဦး အရှင်ဖမ်းမိကာ လက်နက်အလက် ၃၀ အပါအဝင် ခဲယမ်းပစ္စည်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၈ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦးသေ ဆုံးပြီး ၁၇ ဦးအရှင်ဖမ်းမိကာသေနတ် အလက် ၃၀ အပါအဝင်ခဲယမ်းပစ္စည်းအမြောက်အများ သိမ်း ဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကလေးမြို့နယ်၊ ရန်ကြီးအောင်စခန်းကို အမှတ်၁ စစ်ဒေသ၊ ကလေးခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ကလေးခရိုင်၊ အမှတ် ၂/၄/၅/၆ တပ်ရင်း၊ မြို့နယ် ပ.က.ဖ၊ ခရိုင် ဒရုန်းအဖွဲ့၊ SR-4၊ KKG၊ CNDF နှင့် RKDF တို့ပူးပေါင်းကာ ဝင်ရောက်စီးနင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးI ၁၇ ဦး အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 
အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းနှင့် ပစ္စည်း ကိရိယာစာရင်း -

၁။ G-3 (၉) လက် 
၂။ MA-1 (၁၀) လက် 
၃။ MA-3 (၅) လက် 
၄။ 5.56 ကျည် (၉,၅၄၇) တောင့်
၅။ 7.62 ကျည် (၃,၅၄၆) တောင့်
၆။ RPG (၁) လက် 
၇။ RPG အဖူး (၁၄) ဖူး 
၈။ ၈၁ မမ မော်တာ (၁) လက် 
၉။ ၈၁ မမ မော်တာကျည် (၆) ဖူး 
၁၀။ MA-5 (၂) လက် 
၁၁။ MA-4 (၂) လက် 
၁၂။ MA ကျည်ဘောက် (၅၇) ခု
၁၃။ G-3 ကျည်ဘောက် (၁၈) ခု 
၁၄။ ရှေ့ထွက်မိုင်း (၂) လုံး 
၁၅။ နင်းမိုင်း (၁၉) လုံး 
၁၆။ လက်ပစ်ဗုံး (၁၀၅) လုံး 
၁၇။ RPG ပို့ယမ်း (၁၂) တောင့် 
၁၈။ အီနာဂါ (၆၁) လုံး 
၁၉။ MA-1 ကာဘိုင်ကျည် (၉၈၀) တောင့်
၂၀။ Anti-Drone Gun (၁) လက် 
၂၁။ ဖုန်း (၃) လုံး 
၂၂။ ခါးချိုး (၆) လက် 
၂၃။ 40 MM ကျည် (၁၀၀) တောင့် 
၂၄။ မီးစက် (၂) လုံး 
၂၅။ ရေစုပ်စက် (၁) လုံး 
၂၆။ ဟန်းကော (၂) လုံး 
၂၇။ ဘတ္ထရီအိုး (၅) လုံး 
၂၈။ ရေပေါ်ထိုးစက် (၁) လုံး 
၂၉။ သံခမောက် (၅) လုံး 
၃၀။ သံသေတ္တာ (၆) လုံး 
၃၁။ အင်ဗာတာ (၂) လုံး 
၃၂။ ဆိုလာ (၂) ချပ် 
၃၃။ ဝိုင်ဖိုင်စက် (၁) ခု 
၃၄။ ပန်ကာ (၂) ခု
၃၅။ ပန်းကန် (၅၈) ချပ် 
၃၆။ ဂေါ်ပြား (၃) ချောင်း 
၃၇။ သံတူရွင်း (၁) ချောင်း 
၃၈။ ငန်းပြား (၁) ချောင်း
၃၉။ ပေါက်ပြား (၄) ချောင်း 
၄၀။ ဓား (၁၃) ချောင်း 
၄၁။ ရွှေ (၁) ကျပ်ခွဲသား 
၄၂။ Vaccine Carrier (၃) လုံး 
၄၃။ ဆေးပစ္စည်း (၃) ဖာ
၄၄။ မြက်ရိတ်စက် (၁) ခု
၄၅။ မော်တာ (၂) ခု
၄၆။ စားဆီ (၅) ပိဿာ
၄၇။ တဘက်ထိုးလွှ (၅) ချောင်း
၄၈။ ရေပိုက် (၁) ခွေ
၄၉။ ဒိုင်နမို (၁) ခု 
၅၀။ ဖြတ်စက် (၁) ခု 
၅၁။ ဖောက်စက် (၁) ခု 
၅၂။ ရေခွက် (၁၀) ခွက် 
၅၃။ ရေပေါ်စက် (၁) ခု 
၅၄။ ကျည်ကာပြား (၂) ချပ် 
၅၅။ ဒီဇယ် (၂) ဂါလံ 
၅၆။ ကျွန်းသေတ္တာ (၂) လုံး 
၅၇။ ဆန် (၈၀) တင်း 
၅၈။ ရိတ်ချွေစက် (၁) စီး 
၅၉။ ကား (၃) စီး 
၆၀။ ဆိုင်ကယ် (၂) စီး 

တို့ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post