မယ်စဲ့မှ ဖာဆောင်းမြို့နယ်ဖက်သို့ဆုတ်ခွာသည့် စစ်ကောင်စီတပ်များ ရှင်းလင်းခံရပြီး ၂၀

မယ်စဲ့မှ ဖာဆောင်းမြို့နယ်ဖက်သို့ဆုတ်ခွာသည့် စစ်ကောင်စီတပ်များ ရှင်းလင်းခံရပြီး ၂၀ သေဆုံး

ကရင်နီ၊ နိုဝင်ဘာ ၂၈။

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် တပ်မ ၅၅၊ ၆၆  တို့ ဖာဆောင်းမြို့နယ်ဖက်သို့ ဆုတ်ခွာချိန် ကရင်နီပူးပေါင်းတပ်များမှ လိုက်လံ ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ သေဆုံးခဲ့ပြီး တစ်ဦးကိုအရှင် ဖမ်းမိ ခဲ့သည်ဟု ကရင်နီ သတင်း အချက်အလက်စင်တာက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် နိုဝင်ဘာ ၂၅ ရက် စတင်ဆုတ်ခွာချိန်မှ ယမန်နေ့ နိုဝင်ဘာ ၂၇ ထိ ကရင်နီ ပူးပေါင်းတပ်များမှလိုက်လံ ရှင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါထုတ်ပြန်ချက်တွင် သိမ်းဆည်းရမိလက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီ အလောင်း အချို့ကိုပါ ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့သိမ်းတိုက်ပွဲသို့ စစ်ကူပို့ရန် ပြန်လည်ဆုတ်ခွာ နေခြင်းဖြစ်ပြီး KA ၊ KNPLF ၊ KNDF ၊ PDF စသည့်ကရင်နီ ပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
photo - ရှေတန်းရဲဘော်များ (KnIC)

Post a Comment

Previous Post Next Post