"မန္တလေး ကျောက်ဝိုင်း ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ စစ်သားတွေနဲ့ ငပျူတချို့ သေဆုံး"
နိုဝင်ဘာလ ၂၈ ရက်နေ့ ဒီကနေ့ နေ့လည် ၁ နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေး ကျောက်ဝိုင်း) မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ အရပ်ဝတ် စစ်သားတွေနဲ့ ငပျူတွေ ပေါင်းပြီး ကျောက်ဝိုင်းကို သေနတ်ပစ်ဖောက် လုယက်ဖို့ လုပ်ဆောင်ရာမှာ လုံခြုံရေး တာဝန်ယူထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတွေက ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ စစ်သားတချို့နဲ့ စည်ပင်ဝန်ထမ်း အယောင်ဆောင် ငပျူတချို့ သေနတ်ထိမှန်ပြီး သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေလည်းရှိကြောင်း သိရပါတယ်။