မြဝတီမြို့မ ရဲစခန်း ဗုံးကျဲ တိုက်ခိုက်ခံရ
ဒီဇင်ဘာ ၆၊ ၂၀၂၃
ကရင်ပြည်နယ် မြဝတီမြို့က ရဲစခန်းကို ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းမှာ Drop ဗုံးနဲ့ ဗုံးကျဲတိုက်ခိုက်ခံရတယ်လို့ မြဝတီ ဒေသခံတွေဆီက သိရပါတယ်။
"ညနေ ၆ နာရီလောက်က အကျဲခံရတာပါ။ ရဲစခန်းရှေ့မှာ လည်း ပစ်ခတ်သံတွေဖြစ်တယ်" လို့မြဝတီဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ဗုံးကျဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာ မသိရသေးသလို ထိခိုက် သေဆုံးမှုကိုလည်း မသိရသေးပါဘူး။
မြဝတီ မြို့မရဲစခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြားထိခိုက် သေဆုံးခဲ့ပါတယ်။